Myanmar Fruit, Flower and Vegetable

Producer and Exporter Association

SIGN IN
Festivals

04/03/2020

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၉)ရက်နေ့ မှ မတ်လ(၄)ရက်နေ့များတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှကြီးမှူးကျင်းပသော "မြန်မာ့ဖရဲ၊သခွားမွှေးပွဲတော်၂၀၂၀" ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့ကန်တော်ကြီးအတွင်းရှိ မြေပဒေသာကျွန်း နှင့် ဆင်ဖြူကျွန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန် နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးချုပ် ၊ USAID, Office of Economic Growth မှ Mr.Matt Curtis. မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နာယက ဦးဝင်းအောင်၊ ဦးစိုးသန်းမင်းဒင်(ဥက္ကဋ္ဌ)၊ အတွင်းရေးမှူးများ နှင့် CEC, EC များ၊ မြန်မာနိုင်ငံဖရဲ၊သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဦးနိုင်ဝင်း(ဥက္ကဋ္ဌ)၊ CEC,EC များ၊ တိုင်း နှင့်ပြည်နယ်အသင်း များမှ ဥက္ကဋ္ဌ၊ CEC,EC များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပွဲတော်ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်များအသင်း၊ ရွှေပုစွန်၊ Good Brothers Company နှင့် The Farmer ဂျာနယ်တိုက်မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။ ထိုအပြင် အခြားသောပံ့ပိုးကူညီမှုများအဖြစ် မြန်မာစားဖိုမှူးများအသင်းမှ ဖရဲ၊သခွား မွှေးစားသောက်ဖွယ်ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ သစ်သီးပုံဖော်အလှဆင် ခင်းကျင်းပြသခြင်း၊ Yara Myanmar သည် တိုင်းဒေသကြီးဖရဲ၊သခွားမွှေးအသင်းမှ လာရောက်ရောင်းချသော ဆိုင်ခန်းများမှဖရဲ၊သခွားမွှေးများဝယ်ယူအားပေး ခြင်း၊ အာ/ကာသိပ္ပံမှလည်း သင်တန်းသားများအားကျွေးမွေးရန်အတွက် ဖရဲသီးများဝယ်ယူအားပေးခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှလည်း ဖရဲ၊သခွားမွှေးစိုက်တောင်သူများအတွက် စိုက်ပျိုးရေးချေးငွေအကြောင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

see more

14/05/2019

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ သရက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) တို့မှ ကြီးမှူးကျင်းပသော "ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော်၂၀၁၉" ကို ၂၀၁၉ မေလ (၁၁) ရက်နှင့် (၁၂) ရက်နေ့တို့တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၃ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ Hotel Hazel တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်ကို ယခင်နှစ်များကဲ့သို့ သရက်သီးပြပွဲ၊ ပြိုင်ပွဲ နှင့် ဆွေးနွေးပွဲများအပြင် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ မြေသြဇာ ကုမ္ပဏီများနှင့် စားသောက်ကုန်များကို ပြခန်းများဖြင့် ပြသရောင်းချခဲ့ပြီး မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်တဲ့ သရက်သီးစားပြိုင်ပွဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

see more

25/10/2018

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂၃-၂၅)ရက်နေ့များတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသော “ဒုတိယအကြိမ်မြောက် မြန်မာ့လက်ဖက်ပွဲတော်၊ မြန်မာ့ကျွဲကောသီးပွဲတော်နှင့် သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် ကုန်စည်ပြပွဲ ၂၀၁၈”အား MCV Hall, ပြည်သူ့ ရင်ပြင်၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုန်စည်ပြပွဲသို့ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးစိုးသန်းမင်းဒင်(ဥက္ကဋ္ဌ) အပါအဝင် အတွင်းရေးမှူးများ၊ အမှုဆောင်များ၊ ရုံးအဖွဲ့ဝင်များ၊ လက်ဖက်အသင်း၊ ကျွဲကောအစုအဖွဲ့တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ စိုက်ပျိုးထုတ်လုပ် သူများ နှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ ပြပွဲတွင် ကျွဲကောနှင့် လက်ဖက် ပြခန်းများ အပြင် အခြားသောစိုက်ပျိုးရေးထုတ်ကုန်ပြခန်းများဖြင့် စည်ကားသိုက်မြို့က်စွာဖြင့် (၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပါသည်။

see more

09/01/2018

၂၀၁၈ခုနှစ်၊ ဇန္နဝါရီလ(၆၊၇)ရက်နေ့များတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ထောပတ်အစုအဖွဲ့မှ ကြီးမှူးကျင်းပသော “မြန်မာ့ ထောပတ်သီးပွဲတော် ၂၀၁၈” အားရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့၊ ထန်ဆမ်းဂူသွားလမ်းမကြီးဘေး၊ ဟိုပုံးရေထွက်အနီးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထောပတ်သီးပွဲတော်တွင် ထောပတ်သီးများ ပြပွဲ၊ပြိုင်ပွဲ၊ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တောင်သူများမှ ဒေသထွက်ကုန်နှင့် သစ်သီးများအားပြသခြင်း၊ ပအိုဝ့်တိုင်းရင်းသားများမှ ပွဲတော်သို့လာရောက်ကြ သောဧည့်သည်တော်များအားခေါပုပ်များဖြင့် တည့်ခင်းဧည့်ခံခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော်သို့ Dr.သန်းမြင့် (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)၊ Dr.လင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်)၊ ဦးခွန်းစံလွင်(ပအိုဝ့်ကိုယ်ပိုင်ဒေသဦးစီး) ၊ ဦးစိုင်းလုံးကျော် (ပြည်နယ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ ဦးကြင်ဦး(မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ ဦးစိုးသန်းမင်းဒင်(ဥက္ကဋ္ဌ)၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

see more

23/05/2017

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့တို့မှ ကြီးမှူးကျင်းပသော " စတုတ္ထအကြိမ်မြောက် မြန်မာ့သရက်ပွဲတော် နှင့် ပထမအကြိမ်မြောက် မြန်မာ့လက်ဖက်ပွဲတော် " ကို ၂၀၁၇ခုနှစ် မေလ (၂၀) ရက်မှ (၂၂) ရက်နေ့ထိ မန္တလေးမြို့၊ အားကစားနှင့် ကာယသိပ္ပံကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

see more

12/02/2017

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ( ၉-၁၂)ရက်နေ့များတွင် ဒုတိယအကြိမ်မြောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဖလားမြင်းစီးအားကစားဖိတ်ခေါ်ပြိုင်ပွဲနှင့်ပူးတွဲ၍ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင်ဟင်းသီးဟင်း ရွက်စိုက် ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း(ရှမ်းပြည်နယ်တောင်ပိုင်း)မှ ကြီးမှူးကျင်းပသော “ထောပတ်သီးအထူးပြု သစ်သီးဝလံ၊ ပန်းမန် ဟင်းသီးဟင်းရွက်ကုန်စည်ပြပွဲအား ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးရေထွက်အနီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုန်စည်ပြပွဲသို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဗဟိုမှ ဦးစိုးသန်းမင်းဒင်(ဥက္ကဋ္ဌ)၊ ဒေါ်စန္ဒာမျိုး(အတွင်းရေး မှူး)၊ ဦးကျော်သူ(အတွင်ရေးမှူး)၊ ဒေါ်နီလာဦး(အတွင်းရေးမှူး)အပါအဝင်ရုံးအဖွဲ့သားများ၊ ရှမ်းပြည်တောင်ပိုင်း အသင်းမှ ဦးခင်အောင်(ဥက္ကဋ္ဌ)၊ ဦးစိုးညွှန့်(အတွင်းရေးမှူး) အပါအဝင်အမှုဆောင်များ၊ ထောပတ်စိုက်တောင်သူများ၊ ဒေသခံများ၊ ပြပွဲဆိုင်ခန်းများသို့လာရောက်ခင်ကျင်းပြသသော ကုမ္ပဏီအဖွဲ့သားအမြောက်အမြားဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။ ကုန်စည်ပြပွဲတွင် အရည်အသွေး ကောင်းသောထောပတ်သွးများ ခင်းကျင်းပြသခြင်း၊ ယှဉ်ပြိုင်ခြင်းနှင့် မျိုးရွေးချယ်ခြင်းအပြင် နည်းပညာနှီးနှောဖလှယ် ခြင်း၊ ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဒေသထွက်ကုန်များရောင်းချခြင်းများလည်း ပါဝင်ခဲ့ပါသည်။

see more

© 2023 MFVP. All Rights Reserved