ဩဂဲနစ်လက်မှတ် ထုတ်ပေးရေးအဖွဲ့ (Certification Body)
Certification Body သည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဖွဲ့စည်းထားသော “MFVP ဩဂဲနစ်ရေးရာ ကော်မတီ” ခေါ် MFVP Organic Affair Committee (MOAC) ဖြစ်ပါသည်။ MFVP Organic Affair Committee (MOAC) မှ အသိအမှတ်ပြုလက်မှတ် ကို ထုတ်ပေးခြင်းဖြစ်ပါသည်။ ဩဂဲနစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရာတွင် ဩဂဲနစ်လုပ်ငန်းစဉ်များကို အကဲဖြတ်ရန် စိုက်ပျိုးရေးဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ၊ မြေဆီလွှာဆိုင်ရာစသည့် နည်းပညာဆိုင်ရာ နယ်ပယ်စုံမှ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲစည်းထားသော “ပညာရှင်အဖွဲ့” (Technical Team) နှင့် ခြံများကို ကွင်းဆင်းစစ်ဆေးရန်အတွက် အတွေ့အကြုံရှိ စစ်ဆေးရေးမှူးများနှင့်ဖွဲ့စည်းထားသော “စစ်ဆေးရေးအဖွဲ့” (Inspector Team) ကိုထားရှိပါသည်။ ကျွမ်းကျင်ပညာရှင်များသည် ဩဂဲနစ်စံနှုန်းများနှင့် လုပ်ငန်းစဉ်များအားလုံးကို နားလည်သဘောပေါက်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံရှိသော ပညာရှင်များဖြစ်ကြပါသည်။ စစ်ဆေးရေးမှုးများသည်လည်း အသင်းမှ ဖွင့်လစ်သော ဩဂဲနစ်စစ်ဆေးရေးမှုးသင်တန်း၊ Food Safety သင်တန်းနှင့် International Organic Inspector Association (IOIA) ၏ Certified Trainer မှပို့ချသော Organic Inspection သင်တန်းတို့ကို တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ကြပါသည်။