|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
နောက်ခံသမိုင်းကြောင်း

နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (Myanmar Fruit, Flower and Vegetable Producer and Exporter Association) MFVP ကို၂၀၀၆ ခုနှစ် သြဂုတ်လ (၁၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ MFVP အသင်းကြီး စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ အောက်ပါအတိုင်း အသင်းခွဲနှင့် အစုအဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၆ - MFVP မန္တလေးတိုင်းဒေသကြီး၊ ပန်းအစုအဖွဲ့နှင့် ဖရဲအစုအဖွဲ့ ၂၀၀၇ - MFVP ရှမ်းပြည်နယ် (တောင်ပိုင်း)၊ MFVP ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် မူဆည်ကုန်စည်ဒိုင် ၂၀၁၀ - MFVP (စစ်ကိုင်းတိုင်းဒေသကြီး) ၂၀၁၁ - Farmer Market (ရန်ကုန်)၊ ကျွဲကော အစုအဖွဲ့၊ အာလူးအစုအဖွဲ့ ၂၀၁၃ - MFVP (ရခိုင်ပြည်နယ်)၊ လက်ဖက်အစုအဖွဲ့ ၂၀၁၄ - ကော်ဖီအစုအဖွဲ့၊ မှိုအစုအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (ဖရဲ၊ ငှက်ပျော၊ ဝဥ) အစုအဖွဲ့များ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အသင်းရုံးခွဲကို ထူထောင်ခဲ့ပါသည်။ ၂၀၁၅ - MFVP (မွန်ပြည်နယ်)၊ (အာလူး၊ ဝါး၊ ကြယ်ပဲ၊ အုံးသီး၊ အော်ဂဲနစ်) အစုအဖွဲ့များ

၂၀၁၆ - MFVP (ပဲခူးတိုင်းဒေသကြီး)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ် (တောင်ပိုင်း) အသင်းခွဲများနှင့် ငှက်ပျောအစုအဖွဲ့ ၂၀၁၈ - MFVP (ကချင်ပြည်နယ်)၊ MFVP (ဧရာဝတီတိုင်းဒေသကြီး)၊ MFVP (ကရင်ပြည်နယ်) နှင့် မန္တလေးတိုင်းဒေသကြီး၏ ပန်းအစုအဖွဲ့ ၊ မက္ကဒေးမီးယားအစုအဖွဲ့၊ ထောပတ်သီးအစုအဖွဲ့ များကို အသီးသီးဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၂၀၁၉ - ဒန့်ဒလွန်နှင့်ရဲယို အစုအဖွဲ့ ၂၀၂၃ - ချင်း (ဂျင်း) အစုအဖွဲ့ နှင့် ဒူးရင်းအစုအဖွဲ့ စသည်ဖြင့် အသီးသီး ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် MFVP အသင်းကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်း (၁၃) သင်း ဖွဲ့စည်းပြီးဖြစ်ပြီး တိုင်း‌‌ဒေသကြီးနှင့် ပြည်နယ်အလိုက် သီးနှံအစုအဖွဲ့ (၃၁) ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ပါသည်။ MFVP အသင်းကြီးနှင့် ညီနောင်အသင်းများ၊ အစုအဖွဲ့များ၏ အသင်းဝင်အင်အား စုစုပေါင်းမှာ (၅၀၀၀၀) ခန့်ရှိပါသည်။

© 2023 MFVP. All Rights Reserved