|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
အကျိုးကျေးဇူးများ နှင့် စည်းကမ်းချက်များ

Tips

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသူများ၊ စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ပါဝင်စားသူများ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

အသင်းဝင်ရန်အတွက် လျှောက်လွှာများကို အွန်လိုင်းမှတဆင့် လွယ်ကူစွာ လျှောက်ထားနိုင်ပြီး အသင်းရုံးသို့ လူကိုယ်တိုင်လာရောက်၍လည်း လျှောက်ထားနိုင်ပါသည်။

အသင်းဝင်များ၏အကျိုးခံစားခွင့်

  • နေ့စဉ်ဈေးကွက် သတင်းအချက်အလက်များကို လက်ခံရရှိနိုင်ခြင်း။
  • သီးနှံဆိုင်ရာ သတင်းအချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ခြင်း။
  • အသင်းကြီးမှ ကြီးမှူးကျင်းပသောသင်တန်းများနှင့် ဝန်ဆောင်မှုများရရှိနိုင်ခြင်း။
  • အသင်းသားများအတွင်း ဈေးကွက်နှင့် နည်းပညာများ ဖလှယ်နိုင်ရန် ချိတ်ဆက်ပေးခြင်း။
  • အရည်အသွေးမြင့် စံချိန်စံညွှန်းမီ ပြည်ပပို့ကုန်များအတွက် နည်းပညာနှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးပေးခြင်း။

အသင်းဝင်များလိုက်နာရမည့်စည်းကမ်းချက်များ

  • အသင်းသား နှစ်စဉ်ကြေးများကို သတ်မှတ်သော ကာလအတွင်း (မပျက်မကွက်) ပေးဆောင်ရမည်။
  • အသင်းဝင်တို့၏ ဆက်သွယ်ရမည့်နေရပ်လိပ်စာ၊ ကိုယ်ရေးမှတ်တမ်းများနှင့် စိုက်ပျိုးသီးနှံအမည်များကို ပြည့်စုံစွာ ဖြည့်စွက်ရမည်။ အပြောင်းအလဲရှိပါက အသင်းရုံးသို့ အသင်းဝင်နံပါတ်နှင့်တကွ အကြောင်းကြားရမည်။
  • အသင်းဝင်တိုင်းသည် အသင်းကြီး၏ ဂုဏ်သတင်းကျဆင်းစေသော အပြုအမူအပြောအဆိုများအား ရှောင်ကျဉ်ရမည်။

အသင်းဝင်ရန်လိုအပ်သောအချက်အလက်များ

တစ်သီးပုဂ္ဂလအသင်းဝင်

  • လိုင်စင်ဓာတ်ပုံ
  • မှတ်ပုံတင် (မိတ္တူ)
  • အသင်းဝင်ကြေး (၁၀,၀၀၀) ကျပ်
  • နှစ်စဉ်ကြေး (၅၀၀၀) ကျပ်
  • စမတ်ကဒ်ကြေး (၅၀၀၀) ကျပ်

သီးနှံအသင်း/အစုအဖွဲ့အသင်းဝင်

  • လိုင်စင်ဓာတ်ပုံ
  • မှတ်ပုံတင် (မိတ္တူ)
  • အသင်းဝင်ကြေး (၁၀,၀၀၀) ကျပ်
  • နှစ်စဉ်ကြေး (၅၀၀၀) ကျပ်
  • စမတ်ကဒ်ကြေး (၅၀၀၀) ကျပ်

ပြည်တွင်းကုမ္ပဏီအသင်းဝင်

  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မိတ္တူ)
  • ကုမ္ပဏီဒါရိုက်တာစာရင်း (Company Extract)
  • အသင်းဝင်ကြေး (၂၀၀,၀၀၀) ကျပ်
  • နှစ်စဉ်ကြေး (၅၀,၀၀၀) ကျပ်
  • စမတ်ကဒ်ကြေး (၅၀၀၀) ကျပ်

ပြည်ပကုမ္ပဏီအသင်းဝင်

  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မိတ္တူ)
  • ကုမ္ပဏီဒါရိုက်တာစာရင်း (Company Extract)
  • အသင်းဝင်ကြေး (၅၀၀,၀၀၀) ကျပ်
  • နှစ်စဉ်ကြေး (၁၀၀,၀၀၀) ကျပ်
  • စမတ်ကဒ်ကြေး (၅၀၀၀) ကျပ်

MFVP website မှာ အသင်းဝင် (အသစ်) ဖောင်တင်နည်း

MFVP website မှာ အသင်းဝင် (အဟောင်း) ဖောင်တင်နည်း

Organic လျှောက်လွှာဖောင် တင်နည်း

© 2023 MFVP. All Rights Reserved