|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
သြဂဲနစ် အစီအစဉ်

MFVP ဩဂဲနစ် စံချိန်စံညွှန်းသည် နိုင်ငံတကာအဆင့်မှီ IFOAM နှင့် အာဆီယံ စံချိန်စံညွန်းများကို ကျင့်သုံးသော စံချိန်စံညွှန်းတစ်ခု၍ ဩဂဲနစ် လက်မှတ်လျှာက်ထားခြင်းလုပ်ငန်းစဉ်များသည် စေ့စပ်တိကျပြီး ရိုးရှင်း၍ ပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖော်ဆောင်ပါသည်။ ဩဂဲနစ် လက်မှတ်ရရှိရန် လျှောက်လွှာတ်ခြင်းမှစ၍ လက်မှတ်ရရှိသည်အထိ လုပ်ငန်းစဉ် (၇) ဆင့်ရှိပါသည်။ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

"လျှောက်လွှာလက်ခံခြင်း"

သင်၏ခြံကို ဩဂဲနစ်လက်မှတ်လျှောက်ထားလိုပါက MFVP ဩဂဲနစ် လျှောက်လွှာကို အွန်လိုင်း မှတဆင့် သို့မဟုတ် အသင်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။ သင်၏ပေးပို့လျှောက်ထားလာသော လျှောက်လွှာများကို ဩဂဲနစ်ရေးကာကော်မတီမှ လက်ခံရရှိပြီးစီစစ်သုံးသပ်၍ နောက်တစ်ဆင့် ဆောင်ရွက်ရန် ဆက်သွယ်ပါမည်။

"အကြိုအကဲဖြတ်ခြင်း"

ကွင်းဆင်းစစ်ဆေးမှုမစတင်မှီ သင်၏ ခြံသည် ဩဂဲနစ်စနစ်၏ အလေ့အကျင့်များကျင့်သုံးမှုရှိမရှိနှင့် ဖြစ်နိုင်ခြေနှင့် ကွာဟချက်များရှိမရှိ ကြိုတင်အကဲဖြတ်မှုများကို လုပ်ဆောင်ပါမည်။

"စစ်ဆေးရေးဆင်းခြင်း"

ကြိုတင်အကဲဖြတ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက စစ်ဆေးရေးစတင်ရန် သင့်ထံသို့ ဆက်သွယ်၍ စစ်ဆေးမည့်ရက်ကို အကြောင်းကြားကာ သင့်ခြံ၏ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ထုတ်ပိုးခြင်း ဆိုင်ရာ အလေ့အကျင့်များနှင့် လုပ်ငန်းလည်ပတ်မှုများကို စစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးပါမည်။

"စစ်ဆေးတွေ့ရှိချက်များကို Technical Team သို့တင်ပြခြင်း"

ကွင်းဆင်းစစ်ဆေး၍ ရရှိလာသော သင်၏ခြံ၏ စိုက်ကွင်းမှတ်တမ်းများ၊ တွေ့ရှိချက်မှတ်တမ်းများ၊ ဓာတ်ပုံများကို Technical Team သို့တင်ပြခြင်း

"စစ်ဆေးရေးမှူးများမှ Technical Team ၏ စစ်ဆေးမှုကိုခံယူခြင်း"

စစ်ဆေးရေးအဖွဲ့မှ တင်ပြလာသော သင်၏ခြံ၏ စိုက်ကွင်းမှတ်တမ်းများ၊ တွေ့ရှိချက်မှတ်တမ်းများ၊ နှင့် အစီရင်ခံစာကို Technical Team မှ ပညာရှင်များက အကဲဖြတ်မှုများ ဆောင်ရွက်ပါမည်။

"Technical Team မှ Certification Body သို့တင်ပြခြင်း"

စစ်ဆေး၍ ရရှိလာသော ရလဒ်များအရ သင့်ခြံ၏ အလေ့အကျင့်များသည် ဩဂဲနစ်စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း တွေ့ရှိသည်နှင့် အသိအမှတ်ပြုလက်မှတ်အတွက် ခွင့်ပြုချက်ရရှိမည်ဖြစ်သည်။

"Certification Body မှ Certificate ပေးအပ်ခြင်း"

သင့်ခြံ၏ အလေ့အကျင့်များသည် ဩဂဲနစ်စံချိန်စံညွှန်းနှင့် ကိုက်ညီ၍ ခွင့်ပြုချက်ရရှိပြီးပါက ဩဂဲနစ်အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်သည်။ ဤအသိအမှတ်ပြုလက်မှတ်ကို သင်၏ထုတ်ကုန်များ၊ ဝက်ဘ်ဆိုဒ်၊ ဆိုရှယ်မီဒီယာ နှင့် အရောင်းမြှင့်တင်ရေး ပစ္စည်းများတွင် ပြသနိုင်ပြီး သင့်၏ထုတ်ကုန်များသည် ဩဂဲနစ်စနစ်ကျင့်သုံးသော ကုန်ပစ္စည်းများဖြစ်ကြောင်း အထောက်အထားတစ်ခုအဖြစ် ပြသနိုင်မည်ဖြစ်သည်။

"သက်တမ်းတိုးခြင်း"

ဩဂဲနစ် အသိအမှတ်ပြုလက်မှတ်သည် နှစ်စဉ် သက်တမ်းတိုးရန် ဖြစ်ပါသည်။ စစ်ဆေးရေးအဖွဲ့မှ သင့်ခြံ၏ အလေ့အကျင့်များသည် ဩဂဲနစ်စံချိန်စံညွှန်းနှင့်အညီ ဆက်လက်ဆောင်ရွက်ထားရှိမှုရှိ မရှိ နှစ်စဉ် လာရောက်စစ်ဆေးမည်ဖြစ်ပြီး သင့်ခြံ၏ အလေ့အကျင့်များ၊ လုပ်ငန်းလည်ပတ်မှု မှတ်တမ်းများ၊ အထောက်အထားများကို နှစ်စဉ် စစ်ဆေးရေးအဖွဲ့သို့တင်ပြရန်လိုအပ်ပါသည်။ ဤလုပ်ငန်းစဉ်သည် သင့်၏လုပ်ငန်းအကျိုးစီးပွား အတွက် ခိုင်မာသော အထောက်အပံ့ ဖြစ်စေပါသည်။

© 2023 MFVP. All Rights Reserved