|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
သတင်းများ

06/05/2025

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ငလျင်ဒဏ်သင့် ဒေသများသို့ လိုအပ်နေသော ဆေးဝါးပစ္စည်းများကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဧပြီလ ၁၃ ရက်နေ့တွင် (ပထမအကြိမ်)၊ ၂၁ ရက်နေ့တွင် (ဒုတိယအကြိမ်) လှူဒါန်းခဲ့စဉ်

see more

14/04/2025

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများဈေးနှင့် ဈေးသူဈေးသားများ စုပေါင်း စတုဒီသာအလှူ (ထမင်း၊ ဘဲဥသီးစုံ ပဲကုလားဟင်း၊ ငါးနီတူကြော် နှင့် သရက်သီးကြော်) လူအယောက် ၂၅၀၀ စာကို ၁၂.၄.၂၀၂၅ ရက်နေ့တွင် ကျွေးမွေးခဲ့စဉ်

see more

18/02/2025

MFVP Organic Certificate ရရှိရန် လျှောက်ထားလာသော “Ngu Farm” နှင့် “Mya Thazin Aein Coffee Farm” တို့အား စစ်ဆေးပြီးစီး၍ အောင်မြ်သည့်အတွက် အဆိုပါ ခြံ (၂) ခြံ၏ MFVP Organic Certificate ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့က အသင်းရုံးခန်း၌ ဥက္ကဌကြီးမှပေးအပ်ခဲ့ပါသည်။ လက်ရှိတွင် MFVP Organic Certificate ရရှိထားသည့်ခြံ စုစုပေါင်း (၃၁) ခြံရှိပြီး သက်တမ်းတိုးရန် လိုအပ်နေသည့် ခြံများအား စစ်ဆေးရေးမှုးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကာ မကြာမီ သက်တမ်းတိုးလက်မှတ် အသစ်များ ထုတ်ပေးသွားမည်ဖြစ်ပါသည်။ MFVP Organic Certificate ၏ သက်တမ်းမှာ (၁) နှစ်ဖြစ်ပြီး တစ်နှစ်ပြည့်လျှင် စစ်ဆေးရေးမှုးများမှ ပြန်လည်ကွင်းဆင်းစစ်ဆေး၍ သက်တမ်းတိုးလုပ်ငန်းစဉ်များလုပ်ဆောင်ရခြင်းဖြစ်ပါသည်။ MFVP Organic Certificate ရရှိထားသည့်ခြံ ခြံများ၏ စာရင်းနှင့် သက်တမ်းကျော်လွန်မှုရှိမရှိကို အသင်းဝက်ဘ်ဆိုဒ် https://mfvp.org/.../user/organiccertifiedfarmlist-mm.xhtml တွင် ကြည့်ရှုနိုင်ပါသည်။ Organic လက်မှတ် လျောက်ထားရန် စိတ်ဝင်စားသည့် စိုက်ပျိုး‌ရေးခြံများအနေဖြင့်လည်း MFVP ဩဂဲနစ်အစီအစဉ်အကြောင်းကို အသင်းဝက်ဘ်ဆိုဒ် www.mfvp.org တွင်ဝင်ရောက်ကြည့်ရှုနိုင်သလို အသင်းရုံး ဖုန်း/ဗိုင်‌ဗာ 0943127656 သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

see more

25/01/2025

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကို ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့၊ မွန်းလွဲ (၁) နာရီတွင် ရန်ကုန်မြို့ ရှိ UMFCCI Office Tower မင်္ဂလာခန်းမတွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဥက္ကဋ္ဌကြီး ဦးစိုးသန်းမင်းဒင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှလည်း အမှာစကားပြောကြားပေးခဲ့ပါသည်။ ထို့နောက် ၂၀၁၉ ခုနှစ် မှ ၂၀၂၄ ခုနှစ် (၆) အထိနှစ်တာကာလအတွင်း အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများကို အတွင်းရေးမှူး ဒေါ်နီလာဦးမှ အစီရင်ခံတင်ပြခဲ့ပြီး ဘဏ္ဍာရေးရှင်းတမ်းကို ပြင်ပစာရင်းစစ် ဒေါ်ဘေဘီဝင်းမှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများအားလုံးက သဘောတူခဲ့ကြပါသည်။ ရန်ကုန်သို့လာရောက်မတက်ရောက်နိုင်သော နယ်ဝေးမှ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များသည်လည်း online မှတဆင့် တက်ရောက်ခဲ့ကြပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် အသင်းသူအသင်းသားများအားလုံးစုစုပေါင်း ( ၁၆၅ ) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းနှင့်ပြည်နယ်အသင်းများ သီးနှံအသင်းများ၊ အစုအဖွဲ့များ၊ MFVP သစ်သီးဝလံကုန်စည်ဒိုင်မှ အသင်းသူအသင်းသားများ နှင့် MFVP ၏ Organic လက်မှတ်ရခြံများမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စုံလင်စွာဖြင့် ပြသခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ (၂:၀၀) တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

see more

07/10/2024

“Climate Change, Climate Smart, Climate Resilience, Nature Positive Solutions vs How AI Accelerate Regenerative Agriculture?” ဒီ Webinar မှာ ရာသီဥတုပြောင်းလဲမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုသာမက လူမှုစီးပွားဘဝတွေကိုပါ များစွာ သက်ရောက်မှုဖြစ်စေတာကြောင့် ဒီလိုရာသီဥတုပြောင်းလဲမှုတွေကို ဖြေရှင်းဖို့အတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို ပြောင်းလဲကျင်သုံးရန်အတွက် AI နည်းပညာကို အသုံးပြုပြီး စိုက်ပျိုးရေးကဏ္ဍတွေကို အရှိန်မြှင့်တင်နိုင်တဲ့ အကြောင်းအရာတွေ နဲ့ Climate Smart Agriculture စတဲ့ အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ Webinar ရဲ့ အဓိက အကြောင်းအရာတွေကတော့ 🔹 Climate Change (ရာသီဥတုပြောင်းလဲမှု): ရာသီဥတုပြောင်းလဲမှု နဲ့ ၎င်းရဲ့ အကျိုးသက်ရောက်မှုတွေကို လျော့ပါးသက်သာစေရန် မဟာဗျူဟာများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်စေရန်။ 🔹 Nature-based Infrastructure & Nature Positive Solutions (သဘာဝအခြေခံ နဲ့ သဘာဝအခြေပြု အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းများ): သဘာဝအခြေခံဖြေရှင်းနည်းများမှ တစ်ဆင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ပတ်ဝန်းကျင် ရဲ့ ခံနိုင်ရည် တိုးမြှင့်နိုင်ရန် စတဲ့ အကြောင်းအရာ တွေကိုနားလည်စေရန်။ 🔹 AI4A - Regenerative Agriculture: စိုက်ပျိုးရေးအတွက် AI (သို့) Regenerative စိုက်ပျိုးရေးနည်းစနစ် ကို ကျင့်သုံးရာမှာ AI နည်းပညာများကို ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအလေ့အကျင့်များတွင် အသုံးချနိုင်ပုံကို နားလည်းနိုင်စေရန်။ 🔹 Citizen Science: အများပြည်သူနဲ့ သက်ဆိုင်တဲ့ အချက်အလက်နဲ့ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာလည်း AI နည်းပညာကို အသုံးပြုပြီး အချက်အလက်တွေကို ဘယ်လိုရယူ စုဆောင်းရမယ်ဆိုတာကိုလည်း ဒီ Webinar မှာ ထည့်သွင်းဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ် ============= 📆 နေ့ရက် - ၁၃.၁၀.၂၀၂၄ (တနင်္ဂနွေနေ့) 🕑 အချိန် - နေ့လယ် ၂း၀၀ နာရီ မှ ၄း၀၀ အထိ နေရာ - Zoom Webinar (Online) Speaker - U Nyunt Wynn (Ecology & Data Analyst) Founder of VITET, Team Circular & Farm, earthplant restoration ဒီ webinar မှာဆိုရင် ရာသီဥတု ပြောင်းလဲမှု ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ် ကို ကျင့်သုံးရာမှ AI နည်းပညာကို လက်တွေ့ အသုံးပြုပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို ကြိုတင်ခန့်မှန်းနိုင်သလို စိုက်ပျိုးရေးကဏ္ဍကို အရှိန်မြှင့်တင်နိုင်စေရန် နဲ့ Industrial 4.0 အသွင်ကူပြောင်းရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေနဲ့ အကျိုးကျေးဇူးတွေကို ထည့်သွင်း ဆွေးနွေးသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူတိုင်း တက်ရောက်သင့်တဲ့ Webinar ဖြစ်ပါတယ်။ ဒါ့အပြင် အပြန်အလှန် ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ပေးမှာဖြစ်တဲ့အပြင် … ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ဒေသတွေကို ပြန်လည် ထူထောင်ရာမှာ ပါဝင်ကူညီရန်အတွက် ဒီ Webinar ကို ကျင်းပတာဖြစ်တဲ့အတွက် အခုပဲ Register ပြုလုပ်ရင်း ဝိုင်းဝန်းကူညီအားဖြည့်ပေးနိုင်ပါတယ်။ Register ပြုလုပ်ရန် >> https://forms.gle/FobS3zhHrcfpbdJbA

see more

01/10/2024

မြန်မာနိုင်ငံ တစ်ဝှမ်း မိုးကြီး ရေလျှံမှုကြောင့် ရေဘေးသင့်၍ ပျက်စီးဆုံးရှံးခဲ့ရသော ဒေသများရှိ စိုက်ပျိုးမြေများ ပြန်လည်ရှင်သန်‌ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံ EM-Research Organization (EMRO-Japan) ၏ ပံ့ပိုးကူညီမှုဖြင့် MFVP မှကြီးမှူးဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာလ ၂၃၊ ၂၆၊ ၃၀ ရက်နေ့များတွင် MFVP ရုံးခန်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ စီမံကိန်းအစီအစဉ်ကို ရေဘေးသင့်မှု အဆိုးဆုံးခံခဲ့ရသော ရှမ်းပြည်နယ်တောင်ပိုင်း၊ တပ်ကုန်း နှင့် ရမည်းသင်း ဒေသများတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်မှုများကို မကြာမီစတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေဘေးသင့်ဒေသများရှိ ပျက်စီးဆုံးရှုံးသွားသော စိုက်ပျိုးမြေများ ပြန်လည်ရှင်သန်ရေးအတွက် အသုံးပြုရန် ဂျပန်အီးအမ်များကို EMRO-Japan မှ လှူဒါန်းထားပြီး MFVP ဩဂဲနစ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံ ထောပတ်သီး၊ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) တို့မှ စီစဉ်ဆောင်ရွက်၍ Organic.com.mm နှင့် Team Circular & Farm တို့မှ ကူညီပံ့ပိုးပေးထားပါသည်။

see more

© 2023 MFVP. All Rights Reserved