|

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း

အကောင့်၀င့်ရန်
၀န်ဆောင်မှုများ

သီးနှံအစုအဖွဲ့များ ဖွံ့ဖြိုးတိုးတက်လာစေရေး

MFVP အသင်းကြီးသည် တောင်သူ အစုအဖွဲ့များ ဖွဲ့စည်းခြင်းမှ စ၍ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အကန့်အသတ်ရှိသော ကုန်ထုတ်လုပ်မှု အခြေအနေမှ ကျော်လွှားနိုင်စေရန် တို့အတွက် ဒေသခံတောင်သူ အစုအဖွဲ့များကို ဖွဲ့စည်းကာ ကူညီပံ့ပိုးပေးခြင်း။ အသင်းတွင် နိုင်ငံတစ်ဝန်းရှိ အဓိကသီးနှံများဖြစ်သည့် လက်ဖက်၊ သရက်၊ ကော်ဖီ၊ ဖရဲ၊ ထောပတ်၊ ကျွဲကော၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စသည့် အစုအဖွဲ့ (၃၅) ဖွဲ့များထဲမှ အားကောင်းသည့် သီးနှံအစုအဖွဲ့များကို မြန်မာနိုင်ငံအဆင့် အသင်းအဖြစ် ရပ်တည်လာနိုင်စေရန် ပံ့ပိုးပေးခြင်း။

စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ကွင်းဆက်တစ်လျှောက် လုပ်ကိုင်သူများအားလုံး၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း

MFVP အသင်းကြီးသည် အသင်းဝင်များ၏ လိုအပ်ချက်များအလိုက် သင်တန်းများကို စီစဉ်ဆောင်ရွက်ပေးခြင်း။ လွန်ခဲ့သည့် (၁၀) နှစ်အတွင်း ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ၊ ‌‌ရေသွင်းစိုက်ပျိုးမှုသင်တန်းများ၊ စိုက်ပျိူးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) သင်တန်းများ၊ အော်ဂဲနစ်သင်တန်းများ စသည်ဖြင့် ကဏ္ဍအလိုက်လိုအပ်သည့် သင်တန်းများကို ပို့ချပေးခြင်း။ လေ့လာရေးခရီးစဉ်များ၊ သီးနှံအလိုက်ပွဲတော်များ ကျင်းပပြုလုပ်ပေးခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ကုန်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို သင်ယူနိုင်စေရန် အသိပညာဖြန့်ဝေခြင်းများကိုလည်းဆောင်ရွက်လျက်ရှိခြင်း။

စျေးကွက်ချိတ်ဆက်ခြင်းနှင့် ပံ့ပိုးကူညီခြင်း

MFVP အသင်းကြီးသည် စိုက်ပျိုးထုတ်လုပ်သူများ၏ ပြည်တွင်းစျေးကွက်ကို ၂၄ နာရီ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ သီရိမင်္ဂလာလက်ကားဈေးကြီး၌ ဆောင်ရွက်လျက်ရှိခြင်း။ အဆိုပါဈေးကြီးတွင် အသင်းဝင် တောင်သူများကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော သီးနှံများ ရောင်းချနိုင်ရန်အတွက် ဆိုင်ခန်းပေါင်း (၈၀) ကို စီစဉ်ပေးထားပြီး နေ့စဉ်ဈေးကွက်သတင်းများနှင့် သစ်သီးဝလံဈေးနှုန်းများကို စုစည်း၍ အသင်းသားများအား မျှဝေပေးလျက်ရှိခြင်း။ ထို့အပြင် အသင်းဝင်များနှင့် နိုင်ငံတကာမှ ဝယ်ယူလိုသူ (foreign buyer) များအကြား ပံ့ပိုးကူညီ ချိတ်ဆက်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိခြင်း။

© 2023 MFVP. All Rights Reserved